RC Building Project (All in One) 

6Steps Online Course

သင်တန်းကြေး – 240000 Ks
၂ရစ် သို့မဟုတ် ၄ရစ်ထိခွဲပေးနိုင်အောင်
စီစဉ်ထားပါတယ်။
Pile Foundation Design သင်တန်းပါ
အခမဲ့ တက်ရောက်ခွင့်ရရှိမည်။

သင်တန်းသားဟောင်းများအတွက်
သင်တန်းကြေးသက်သာခွင့်များ ရှိပါတယ်။
အသေးစိတ်ကို ဖုန်းဆက်မေးမြန်းနိုင်ပါသည််။

သင်တန်းအကြောင်း

6ထပ် RC Structure Building Project ကို
အခြေခံပြီး သင်မှာပါ။

လက်တွေ့ Project ကို အခြေခံပြီး
သင်ကြားခြင်းကသာ ထိရောက်မှုအရှိဆုံးလို့
ယုံကြည်ထားပါတယ်။

ဘာတွေ ဘယ်လို သင်မှာလဲ
လေ့လာကြည့်ရအောင်ပါ။

📏Step 1
AutoCAD ကို အခြေခံကနေစပြီး
သင်ကြားပေးမှာဖြစ်ပါတယ်။
6ထပ် RC Building Project အတွက်
Archi Drawing တွေကို AutoCAD နဲ့
ရေးဆွဲတာကို သင်ကြရပါမယ်။
Drafting ပိုင်းသီးသန့်သင်မှာပါ။
Trainer – Daw Khin Khin Phoo

📏Step 2
Step 1 မှာ ရေးဆွဲပြီးရလာတဲ့
2D Archi Drawing ကို အခြေခံပြီး
Revit နဲ့ 3D Building ဆက်ဆွဲရပါမယ်။
Rendering ထိ သင်ကြားပေးမှာဖြစ်ပါတယ်။
Trainer – U Tun Aung Linn

📏Step 3
Archi Drawing တွေကိုကြည့်ပြီး
Structure ဆက်တွက်ပါမယ်။
Theory Concept တွေကိုလေ့လာရင်း
Hand Calculation သီးသန့် Structure
တွက်ပါမယ်။
Structural Designer ပဲလုပ်လုပ်
QC ပဲ လုပ်လုပ်
Site Engineer ပဲလုပ်လုပ်
RC Structure နဲ့ ပတ်သက်တဲ့
အရေးကြီးတဲ့ Knowledge တွေပါသင်မှာမို့
ဒီ Step မှာ အချိန်ပိုယူပါမယ်။
ဘာ Software မှ မရှိတောင်
Calculator တစ်လုံးနဲ့ Structure Design
တွက်တတ်အောင်သင်ကြားသွားမှာပါ။
Trainer – BTech Tin Ko Ko

📏Step 4
Hand Calculation ပြီးရင်
လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချဖို့
လိုအပ်တဲ့ Software(ETABS) တွေ ၊
Spreadsheet တွေသုံးပြီး
Computerized Structure Design
တွက်တဲ့အပိုင်းကို ဆက်သွားပါမယ်။
လက်တွက်က ရလာတဲ့ Result နဲ့
Software က ရလာတဲ့ Result တွေကို
Compare လုပ်တတ်သွားပါမယ်။
Trainer – BTech Tin Ko Ko

📏Step 5
Structure Design တွက်ပြီး
ရလာတဲ့ Result တွေကို
Structural Detailed Drawing တွေထုတ်ပါမယ်။
AutoCAD နဲ့ပဲ တည်ဆောက်ရေး
လုပ်ငန်းခွင်မှာ အသုံးပြုရမယ့်
2D Structural Drawing တွေဆက်ဆွဲပါမယ်။
Print ထုတ်နိုင်တဲ့အထိ Format ကျကျ
သင်ကြားပေးပါမယ်။
Trainer – Daw Khin Khin Phoo

📏Step 6
Archi Drawing ရော Structure Drawingကော
ထွက်လာပြီ ဆိုရင် Project တစ်ခုလုံးကို
ကုန်ကျစရိတ်ထွက်တဲ့အထိ Detailed Estimate
တွက်ရပါမယ်။
Building တစ်ခုလုံးကို အစအဆုံး
တွက်ချက်နိုင်သည်အထိ စနစ်တကျ
သင်ကြားပေးပါမယ်။
Excel သုံးနည်းပါ အခြေခံကနေစပြီး
သင်ကြားပေးမှာပါ။
Trainer – Daw Hnin Nu Wai

———————————————-

သင်တန်းကာလ – ၂လခွဲ

ဆက်သွယ်စုံစမ်းရန်
09798432969

စည်းကမ်းချက်များကို သေချာစွာဖတ်ရှုပြီး
မိမိနှင့် သင့်တော်အဆင်ပြေမည်ဟု ယူဆမှ
လျှောက်ထားပေးပါရန် မေတ္တာရပ်ခံပါသည်။

▶️လျှောက်ထားရမည့်ပုံစံ◀️

1)တိကျမှန်ကန်စွာရေးထားသောလျှောက်လွှာ

လျှောက်လွှာ Link

https://ksi.civilengr.org/?page_id=7206

လျှောက်လွှာတွင် မိမိလက်ရှိအမှန်တကယ်အသုံးပြုနေသော Gmail သာဖြည့်ရန်

အခက်အခဲရှိပါက how to apply ကိုနှိပ်ပြီး ရှင်းလင်းချက် video ကိုကြည့်ပါ။

2)မိမိလက်ရှိအမှန်တကယ်
အသုံးပြုနေသော Gmail Address

3)မြို့ပြအင်ဂျင်နီယာနှင့်ဆက်စပ်သော
ဘွဲ့ဒီပလိုမာ တစ်ခုခု ရထားသူ သို့မဟုတ်
ကျောင်းတက်ဆဲကျောင်းသူ/သား ဖြစ်ကြောင်း
အထောက်အထားတစ်ခုခု
(ဥပမာ – ဘွဲ့လက်မှတ်၊ကျောင်းသားကဒ်)

မြို့ပြအင်ဂျင်နီယာ သို့မဟုတ်
၄င်းနှင့်ဆက်စပ်သော
ဘွဲ့ ၊ဒီပလိုမာရပြီးသူများ
ကျောင်းတက်ဆဲ
ကျောင်းသား၊ကျောင်းသူများကိုသာ
စိစစ်လက်ခံပါမည်။

▶️လေ့လာရမည့်ပုံစံ◀️

သင်တန်းသားတွင် Gmail Account တစ်ခု
ရှိရန်လိုအပ်ပါသည်။

Online Learning Website မှတဆင့်
Google Drive တွင် သင်တန်းအတွက်
လိုအပ်သော စာအုပ်များကို
တင်ပေးထားပါမည်။

သင်တန်းသားများမှ စာအုပ်များကို
Download ဆွဲPrint ထုတ်ထားရပါမည်။

သင်ခန်းစာ Video များကို လေ့လာရ
အဆင်ပြေစေရန် အပိုင်းလိုက်ခွဲပြီး
တင်ပေးထားပါမည်။

ထို့ကြောင့် သင်တန်းကာလအတွင်း
အားသည့် အချိန်တွင်အဆင်ပြေသလို
လေ့လာနိုင်ပါသည်။

▶️သတိပြုရန်◀️

Online Training သင်ခန်းစာများကို
ခွင့်ပြုချက်မရှိပဲ မသမာသောနည်းလမ်းဖြင့်
ရယူခြင်း၊ Online ပေါ် ပြန်တင်ခြင်း၊
စီးပွားဖြစ်ရောင်းချခြင်းများ
ပြုလုပ်ကြောင်းတွေ့ရှိလာရသဖြင့်
Video များကို Download ဆွဲခွင့် မပြုပါ။

Online ပေါ်မှသာ
တိုက်ရိုက်လေ့လာရပါမည်။

သင်တန်းကာလမှာ အနည်းဆုံး၂လခွဲမှ
အများဆုံး ၄လထိ ဖြစ်ပြီး
သတ်မှတ်ကာလပြည့်ပါက
သင်တန်းကာလပြီးစီးပြီးဖြစ်သောကြောင့်
သတ်မှတ်ရက်ကျော်လျှင်
လေ့လာခွင့်ရတော့မည်မဟုတ်ပါ။

သို့သော် သတ်မှတ်ကာလ မပြည့်ခင်
တစ်ပတ်အလိုတွင် သင်တန်းကာလတိုးလိုကြောင်း
သင်တန်းသို့ အကြောင်းကြားပါက
သင်တန်းကာလကို တိုးမြှင့်ပေးပါမည်။

သင်ခန်းစာနှင့်ပတ်သက်ပြီး
မရှင်းလင်းသည့် အချက်များ
နားမလည်သည့်အချက်များကို
သက်ဆိုင်ရာဆရာ၊ဆရာမများ ထံသို့
ဖုန်းဖြင့် မေးနိုင်ပါသည်။

▶️Certificate◀️

သင်တန်းမှပေးအပ်သော
Assignment များကို
အချိန်မှီ ပြီးစီးအောင် တင်နိုင်သော
သင်တန်းသားများကိုသာ
သင်တန်းပြီးစီးကြောင်း
Certificate ပေးအပ်မည်ဖြစ်သည်။