သင်တန်းကြေး – 50000 Ks

▶️KSI မှာ RC Structure Design လက်တွက်
သင်တန်းတက်ဖူးတဲ့ သင်တန်းသားဟောင်း
သီးသန့်ကိုပဲ လက်ခံပါမယ်။◀️

Hand Calculation ကို
Reference စာအုပ်တွေထဲကအတိုင်း
စနစ်တကျ သင်ကြားပေးမှာဖြစ်သလို
အချိန်တိုအတွင်း လွယ်ကူမြန်ဆန်စွာ
တွက်နည်းကိုပါ ထည့်သွင်းသင်ကြားပေးပါမယ်။

Hand Calculation သင်ပြီးသွားရင်တော့
မိနစ်ပိုင်းအတွင်း Result တိကျမြန်ဆန်စွာ
ထုတ်နိုင်တဲ့ ကျနော်ကိုယ်တိုင်ရေးထားတဲ့
Spreadsheet တွေနဲ့ပါ သင်ကြားပေးပါမယ်။

Pile Design ကနေ Pile Cap ထိ
လေ့လာရမှာ ဖြစ်ပါတယ်။

သင်တန်းသားဟောင်းတွေအနေနဲ့
ဒီအတန်းကို တက်မယ်ဆိုရင်
RC Structure Design
သင်ခန်းစာတွေကို ပြန်လေ့လာထားဖို့လိုပါမယ်။

▶️သင်တန်းအကြောင်း◀️

Pile Foundation Design သင်တန်း
(လက်တွက်သီးသန့် Fundamental Course)

သင်ကြားမည့် အကြောင်းအရာများ

📏Introduction to Pile Foundation
📏Pile Capacity from Soil Properties
📏Pile Capacity from Material Strength
📏Pile Cap Design
📏Pile Group Settlement
📏Examples and Project Calculations
📏Excel Spreadsheet

Trainer – BTech Tin Ko Ko
သင်တန်းကာလ – ၁လ

ဆက်သွယ်စုံစမ်းရန်
09798432969

စည်းကမ်းချက်များကို သေချာစွာဖတ်ရှုပြီး
မိမိနှင့် သင့်တော်အဆင်ပြေမည်ဟု ယူဆမှ
လျှောက်ထားပေးပါရန် မေတ္တာရပ်ခံပါသည်။

▶️လျှောက်ထားရမည့်ပုံစံ◀️

1)တိကျမှန်ကန်စွာရေးထားသောလျှောက်လွှာ
လျှောက်လွှာ Link

https://ksi.civilengr.org/?page_id=6963

2)မိမိလက်ရှိအမှန်တကယ်
အသုံးပြုနေသော Gmail Address

3)KSI မှာ RC Structure Design လက်တွက်
သင်တန်းတက်ခဲ့ပြီးကြောင်း
အထောက်အထား တစ်ခုခု
(ဥပမာ Certificate)

KSI မှာ RC Structure Design လက်တွက်
သင်တန်းတက်ခဲ့ပြီးသူများကိုသာ
စိစစ်လက်ခံပါမည်။

စည်းကမ်းချက်တွေကို သေချာစွာဖတ်ရှုပြီး
မိမိနှင့် သင့်တော်အဆင်ပြေမည်ဟု ယူဆမှ
လျှောက်ထားပါရန်။

▶️လေ့လာရမည့်ပုံစံ◀️

သင်တန်းသားတွင် Gmail Account တစ်ခု
ရှိရန်လိုအပ်ပါသည်။

Online Learning Website မှတဆင့်
Google Drive တွင် သင်တန်းအတွက်
လိုအပ်သော စာအုပ်များကို
တင်ပေးထားပါမည်။

သင်တန်းသားများမှ စာအုပ်များကို
Download ဆွဲPrint ထုတ်ထားရပါမည်။

သင်ခန်းစာ Video များကို လေ့လာရ
အဆင်ပြေစေရန် အပိုင်းလိုက်ခွဲပြီး
တင်ပေးထားပါမည်။

ထို့ကြောင့် သင်တန်းကာလအတွင်း
အားသည့် အချိန်တွင်အဆင်ပြေသလို
လေ့လာနိုင်ပါသည်။

▶️သတိပြုရန်◀️

Online Training သင်ခန်းစာများကို
ခွင့်ပြုချက်မရှိပဲ မသမာသောနည်းလမ်းဖြင့်
ရယူခြင်း၊ Online ပေါ် ပြန်တင်ခြင်း၊
စီးပွားဖြစ်ရောင်းချခြင်းများ
ပြုလုပ်ကြောင်းတွေ့ရှိလာရသဖြင့်
Video များကို Download ဆွဲခွင့် မပြုပါ။

Online ပေါ်မှသာ
တိုက်ရိုက်လေ့လာရပါမည်။

သင်တန်းကာလမှာ တစ်လဖြစ်ပြီး
တစ်လပြည့်ပါက
သင်တန်းကာလပြီးစီးပြီးဖြစ်သောကြောင့်
သတ်မှတ်ရက်ကျော်လျှင်
လေ့လာခွင့်ရတော့မည်မဟုတ်ပါ။

သို့သော် သတ်မှတ်ကာလ မပြည့်ခင်
တစ်ပတ်အလိုတွင် သင်တန်းကာလတိုးလိုကြောင်း
သင်တန်းသို့ အကြောင်းကြားပါက
သင်တန်းကာလတိုးမြှင့်ပေးပါမည်။

သင်ခန်းစာနှင့်ပတ်သက်ပြီး
မရှင်းလင်းသည့် အချက်များ
နားမလည်သည့်အချက်များကို
သက်ဆိုင်ရာဆရာထံသို့
ဖုန်းဖြင့် မေးနိုင်ပါသည်။

▶️Certificate◀️

သင်တန်းမှပေးအပ်သော
Assignment များကို
အချိန်မှီ ပြီးစီးအောင် တင်နိုင်သော
သင်တန်းသားများကိုသာ
သင်တန်းပြီးစီးကြောင်း
Certificate ပေးအပ်မည်ဖြစ်သည်။