3 Storeyed RCC Building Project

သင်တန်းကြေး – 45000 Ks

KSI မှာ RC Design လက်တွက်တက်ဖူးသူ
သင်တန်းသားဟောင်းများအတွက်
သင်တန်းကြေး 20000 သာကျသင့်ပါမည်။

KSI မှာ သင်တန်းတစ်ခုခု တက်ဖူးသူ
သင်တန်းသားဟောင်းများအတွက်
သင်တန်းကြေး 35000 Ks သာ ကျသင့်ပါမည်။

▶️သင်တန်းအကြောင်း◀️

RC Structure Design သင်တန်း
(Hand Calculation + Etabs Basic Course)

➡️Hand Calculation ပိုင်းအတွက်⬅️

၃ ထပ် RC Structure Building Project ကို
အစအဆုံး Structure Design တွက်ရမှာ
ဖြစ်ပါတယ်။

Myanmar National Building Code
ဖြင့်သာမက ACI 318-05 Code ဖြင့်လည်း
ယှဉ်တွဲ သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။

📏📏📏📏📏📏📏📏📏📏

ဘယ်လိုသင်မလဲ?

အခြေခံကနေ စသင်မှာပါ။

သိကို သိရမယ့် အခြေခံ
Theory & Concept တွေ

Load တင်သည့် အပိုင်းမှ စပြီး
Moment Shear တွက်ချက်ပုံ

Slab, Stair, Beam, Column, Footing Design
တွက်ချက်ပုံများကို
Step by Step သင်ကြားမှာပါ။

လက်တွေ့လုပ်ငန်းခွင်က
လုပ်ငန်းစဉ်တွေနဲ့ ယှဉ်တွဲပြီး

သင်တန်းသားတွေရဲ့ Thinking ပိုင်းကို
ဦးစားပေးကာ
အမေးအဖြေတွေလုပ်ပြီး
Philosophy ပိုင်းကနေ
Design Result ထွက်တဲ့အထိစနစ်တကျ
သင်ကြားမှာ ဖြစ်ပါတယ်။

Concrete ပိုင်း Reinforcement ပိုင်း အတွက်
သိကိုသိရမည့် Knowledge တွေအပြင်
သံဆင်ပုံ သံဆင်နည်းများသာမက

Site လုပ်ငန်းခွင်အတွက် ဆောင်ရန်
ရှောင်ရန်တွေကိုလည်း ကျိုးကြောင်းပြ
ထည့်သွင်း သင်ကြားပေးမှာဖြစ်လို့

ကျောင်းမပြီးသေးတဲ့သူများ

ကျောင်းပြီးလို့ လုပ်ငန်းခွင် ဝင်ရန်
ပြင်ဆင်နေသူများ

လုပ်ငန်းခွင် ဝင်နေသူများ

လုပ်ငန်းခွင်အတွေ့ အကြုံများပေမယ့်
မေ့နေလို့ စာပြန်နွေးလိုသူများ

အားလုံး တက်ရောက်နိုင်ပါတယ်။

➡️ETABS Basic ပိုင်းအတွက်⬅️

Software အခြေခံက စပြီး သင်မှာ
ဖြစ်ပါတယ်။

Beam,Column Design by ETABS 9.7.1

Slab,Stair,Footing Design by
MM Civil Engineer App

ETABS သင်တန်းဟုဆိုသော်လည်း
သိကိုသိထားရမည့် သီအိုရီများ
Rule of Thumb များကိုETABS Software,
MM Civil Engineer Softw areများနှင့်တကွ
ထိရောက်စွာချိတ်ဆက်အသုံးပြုနိုင်သည်အထိ
သင်ကြားပေးသွားမည်ဖြစ်ပါသည်။

ခေါင်မိုးအစောင်းဆွဲနည်းနဲ့ Irregular Shape Slab
ဆွဲနည်းများလည်းထည့်သွင်းသင်ကြားပေးထားပါသည်။

Trainer – Daw Hnin Nu Wai
သင်တန်းကာလ – ၁လ

ဆက်သွယ်စုံစမ်းရန်
09798432969

စည်းကမ်းချက်တွေကို သေချာစွာဖတ်ရှုပြီး
မိမိနှင့် သင့်တော်အဆင်ပြေမည်ဟု ယူဆမှ
လျှောက်ထားပါရန်။

▶️လျှောက်ထားရမည့်ပုံစံ◀️

1)တိကျမှန်ကန်စွာရေးထားသောလျှောက်လွှာ
လျှောက်လွှာ

https://ksi.civilengr.org/?page_id=6639

2)မိမိလက်ရှိအမှန်တကယ်
အသုံးပြုနေသော Gmail Address

3)မြို့ပြအင်ဂျင်နီယာနှင့်ဆက်စပ်သော
ဘွဲ့ဒီပလိုမာ တစ်ခုခု ရထားသူ သို့မဟုတ်
ကျောင်းတက်ဆဲကျောင်းသူ/သား ဖြစ်ကြောင်း
အထောက်အထားတစ်ခုခု
(ဥပမာ – ဘွဲ့လက်မှတ်၊ကျောင်းသားကဒ်)

မြို့ပြအင်ဂျင်နီယာ သို့မဟုတ်
၄င်းနှင့်ဆက်စပ်သော
ဘွဲ့ ၊ဒီပလိုမာရပြီးသူများ
ကျောင်းတက်ဆဲ
ကျောင်းသား၊ကျောင်းသူများကိုသာ
စိစစ်လက်ခံပါမည်။

▶️လေ့လာရမည့်ပုံစံ◀️

သင်တန်းသားတွင် Gmail Account တစ်ခု
ရှိရန်လိုအပ်ပါသည်။

Online Learning Website မှတဆင့်
Google Drive တွင် သင်တန်းအတွက်
လိုအပ်သော စာအုပ်များကို
တင်ပေးထားပါမည်။

သင်တန်းသားများမှ စာအုပ်များကို
Download ဆွဲPrint ထုတ်ထားရပါမည်။

သင်ခန်းစာ Video များကို လေ့လာရ
အဆင်ပြေစေရန် အပိုင်းလိုက်ခွဲပြီး
တင်ပေးထားပါမည်။

ထို့ကြောင့် သင်တန်းကာလအတွင်း
အားသည့် အချိန်တွင်အဆင်ပြေသလို
လေ့လာနိုင်ပါသည်။

▶️သတိပြုရန်◀️

Online Training သင်ခန်းစာများကို
ခွင့်ပြုချက်မရှိပဲ မသမာသောနည်းလမ်းဖြင့်
ရယူခြင်း၊ Online ပေါ် ပြန်တင်ခြင်း၊
စီးပွားဖြစ်ရောင်းချခြင်းများ
ပြုလုပ်ကြောင်းတွေ့ရှိလာရသဖြင့်
Video များကို Download ဆွဲခွင့် မပြုပါ။

Online ပေါ်မှသာ
တိုက်ရိုက်လေ့လာရပါမည်။

သင်တန်းကာလမှာ တစ်လဖြစ်ပြီး
တစ်လ ပြည့်ပါက
သင်တန်းကာလပြီးစီးပြီးဖြစ်သောကြောင့်
သတ်မှတ်ရက်ကျော်လျှင်
လေ့လာခွင့်ရတော့မည်မဟုတ်ပါ။

သို့သော် သတ်မှတ်ကာလ မပြည့်ခင်
တစ်ပတ်အလိုတွင် သင်တန်းကာလတိုးလိုကြောင်း
သင်တန်းသို့ အကြောင်းကြားပါက
သင်တန်းကာလတိုးမြှင့်ပေးပါမည်။

သင်ခန်းစာနှင့်ပတ်သက်ပြီး
မရှင်းလင်းသည့် အချက်များ
နားမလည်သည့်အချက်များကို
သက်ဆိုင်ရာဆရာမထံသို့
email သို့မဟုတ် ဖုန်းဖြင့် မေးနိုင်ပါသည်။

▶️Certificate◀️

သင်တန်းမှပေးအပ်သော
Assignment များကို
အချိန်မှီ ပြီးစီးအောင် တင်နိုင်သော
သင်တန်းသားများကိုသာ
သင်တန်းပြီးစီးကြောင်း
Certificate ပေးအပ်မည်ဖြစ်သည်။