သင်တန်းကြေး- 30000 Ks

▶️သင်တန်းအကြောင်း◀️

AutoCAD Structural Detail Drawing

6-Storyed RC Residential Building Project ဖြင့်
သင်ကြားပါမည်။

-AutoCAD ကို Basic ကနေ အလွယ်ကူဆုံး
အရှင်းဆုံးဖြစ်အောင် သင်ပေးမှာ ဖြစ်တဲ့အတွက်
အခြေခံမရှိသူတွေလည်းတက်ရောက်နိုင်ပါတယ်။

-အခြေခံအနေနဲ့ သိရမယ့်
AutoCAD File Type အမျိုးအစားများ၊
Coordinate System များ။

-AutoCAD file အားကိုယ့်စိတ်ကြိုက်
setting ချိန်နည်းများ။

-မဖြစ်မနေသိရမယ့် Basic Command များအပြင်
Basic Command မဟုတ်သော်လည်း
ပုံကို မြန်မြန်ဆန်ဆန် သပ်သပ်ရပ်ရပ်ဆွဲတဲ့အခါ
သိရမယ့် Command များ။

-Text Style၊ Dimension Style များလုပ်နည်း၊
Block ဖွဲ့နည်း၊ Edit လုပ်နည်း၊ Deleteလုပ်နည်းများ၊
Hatch အကြောင်းများ၊ Layer များ အကြောင်း။

-စနစ်ကျပြီး သပ်ရပ်တဲ့ပုံထွက်ဖို့အတွက်
Step by Step ပြင်ဆင်နည်းများ။

-Print ထုတ်တဲ့အခါ Layout နဲ့ Scale ကိုက်
ထုတ်နည်း၊ Title Block ပြင်ဆင်နည်း၊
Text Heigh တွက်နည်း၊ Dimension ကို
Fit Scale နဲ့သုံးနည်းများ။

အထက်ပါ အချက်များအပြင် AutoCAD တွင်
သိသင့်သိထိုက်တဲ့ အချက်များကို
6-Storyed Building ရဲ့
Structural Drawing တွင်ပါဝင်သော
-Footing Plan
-Retaining Wall Plan
-Column Plan
-Beam Plan
-Slab Plan
-Footing Section
-Column,Beam Section
-Slab Section
-Roof Section
-Stair Section များနဲ့ တွဲဖက်သင်ကြားပေးပါမယ်။

ဒါ့အပြင် Structural Detailing Drawing ဆွဲတဲ့အခါ
သိရမယ့် Structural Specification များကိုလည်း ရှင်းပြပေးမည်ဖြစ်ပါတယ်။

Trainer – Daw Khin Khin Phoo
သင်တန်းကာလ -၁လခွဲ

ဆက်သွယ်စုံစမ်းရန်
09798432969

စည်းကမ်းချက်များကို သေချာစွာဖတ်ရှုပြီး
မိမိနှင့် သင့်တော်အဆင်ပြေမည်ဟု ယူဆမှ
လျှောက်ထားပေးပါရန် မေတ္တာရပ်ခံပါသည်။

▶️လျှောက်ထားရမည့်ပုံစံ◀️

1)တိကျမှန်ကန်စွာရေးထားသောလျှောက်လွှာ
လျှောက်လွှာ Link

https://ksi.civilengr.org/?page_id=6197

2)မိမိလက်ရှိအမှန်တကယ်
အသုံးပြုနေသော Gmail Address

3)မြို့ပြအင်ဂျင်နီယာနှင့်ဆက်စပ်သော
ဘွဲ့ဒီပလိုမာ တစ်ခုခု ရထားသူ သို့မဟုတ်
ကျောင်းတက်ဆဲကျောင်းသူ/သား ဖြစ်ကြောင်း
အထောက်အထားတစ်ခုခု
(ဥပမာ – ဘွဲ့လက်မှတ်၊ကျောင်းသားကဒ်)

မြို့ပြအင်ဂျင်နီယာ သို့မဟုတ်
၄င်းနှင့်ဆက်စပ်သော
ဘွဲ့ ၊ဒီပလိုမာရပြီးသူများ
ကျောင်းတက်ဆဲ
ကျောင်းသား၊ကျောင်းသူများကိုသာ
စိစစ်လက်ခံပါမည်။

▶️သတိပြုရန်◀️

Online Training သင်ခန်းစာများကို
ခွင့်ပြုချက်မရှိပဲ မသမာသောနည်းလမ်းဖြင့်
ရယူခြင်း၊ Online ပေါ် ပြန်တင်ခြင်း၊
စီးပွားဖြစ်ရောင်းချခြင်းများ
ပြုလုပ်ကြောင်းတွေ့ရှိလာရသဖြင့်
Video များကို Download ဆွဲခွင့် မပြုပါ။

Online ပေါ်မှသာ
တိုက်ရိုက်လေ့လာရပါမည်။

သင်တန်းကာလမှာ တစ်လခွဲ ဖြစ်ပြီး
တစ်လခွဲပြည့်ပါက
သင်တန်းကာလပြီးစီးပြီးဖြစ်သောကြောင့်
သတ်မှတ်ရက်ကျော်လျှင်
လေ့လာခွင့်ရတော့မည်မဟုတ်ပါ။

သို့သော် သတ်မှတ်ကာလ မပြည့်ခင်
တစ်ပတ်အလိုတွင် သင်တန်းကာလတိုးလိုကြောင်း
သင်တန်းသို့ အကြောင်းကြားပါက
သင်တန်းကာလတိုးမြှင့်ပေးပါမည်။

သင်ခန်းစာနှင့်ပတ်သက်ပြီး
မရှင်းလင်းသည့် အချက်များ
နားမလည်သည့်အချက်များကို
သက်ဆိုင်ရာဆရာမထံသို့
email သို့မဟုတ် ဖုန်းဖြင့် မေးနိုင်ပါသည်။

▶️Certificate◀️

သင်တန်းမှပေးအပ်သော
Assignment များကို
အချိန်မှီ ပြီးစီးအောင် တင်နိုင်သော
သင်တန်းသားများကိုသာ
သင်တန်းပြီးစီးကြောင်း
Certificate ပေးအပ်မည် ဖြစ်သည်။